Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

Articles

မော်ဒန်ပန်းချီဆိုတာ. . .

ဒီနေ့ ကျွန်တော်တို့ဆီမှာ Modern ပန်းချီကို စိတ်၀င်စားတဲ့လူတွေ တော်တော်များလာတာတွေ့ရတယ်။ အထူးသဖြင့် လူငယ်တွေများပါတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကဆိုရင် မော်ဒန်ပန်းချီကို စိတ်၀င်စားတဲ့သူဟာ လက်ချိုးရေလို့ရတယ်။ သူတို့ရေးတဲ့ မော်ဒန်ပန်းချီတွေကိုလည်း အရူးချီးပန်းပန်းချီဆိုပြီး ရှုံ့ချခဲ့ကြတယ်။ အခုတော့လည်း

Read more

Contemporary Art ဆိုတာဘာလဲ

Contemporary Art ဆိုတာ ဘာလဲ။ Contemporary Art ဆိုတာ အခုလုပ်နေတဲ့ဟာတွေ။ ထားပါတော့။ ကမ္ဘာ့အကြောင်းပေါ့။မြန်မာမှာတော့ အနုပညာမှ မထွန်းကားသေးတာ။ အနုပညာဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ။ ဒီအတိုင်းပဲ ဒီလိုပဲဆိုရင် ဒါ အနုပညာ မဟုတ်တော့ဘူး။ ကျွန်တော်တို့က အသစ်အဆန်းတွေကို

Read more

ပန်းချီဆရာနှင့်အလှတရား

ပန်းချီဆရာသည် အလှတရားကို နှစ်သက်ကြောင်း လူတိုင်းသိသည်။ သို့သော်…ပန်းချီဆရာသည်ပင်လျှင် အလှတရားဆိုသည့် ပြသနာကို ပြေလည်အောင် မဖြေရှင်းပေးနိူင်ပေ။ပန်းချီဆရာတစ်ယောက်အားအလှတရားဆိုသည်မှာ ဘာလဲ ဟုမေးလျှင် တိတိကျကျပြောနိူင်လိမ့်မည် မဟုတ် ။ပန်းချီဆရာများ သည်သာလျှင် အလှတရားကို လေ့လာကြသည်မဟုတ်။ အတွေးအခေါ် ပညာရှင်များသည်ပင် အလှတရားကို လေ့လာကြသည်။ ထိုသူများလေ့လာကြသည့်

Read more

အရောင်တို့၏ လျှို့ဝှက်ချက်

လူတွေဟာ မနက်အိပ်ရာထကတည်းက မျက်စိနဲ့ မြင်ရတဲ့ အရာတွေကို ကြည့်မိတာပဲ။ မျက်မြင်ကမ္ဘာကြီးရဲ့ လွှမ်းမိုးမှုအောက်က ရုန်းမထွက်နိုင်ဘူး။ မျက်မြင်ကမ္ဘာနဲ့ပဲ အဆက်အသွယ် အစီအမံ လုပ်ကြရတာကိုး။ မျက်စိအောက်က သက်ရှိသက်မဲ့ အရာတွေနဲ့ပဲ ထိတွေ့လုပ်ကိုင်နေကြရတာ သဘာ၀ပဲ။ တခါတလေတော့လည်း မျက်မြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး အတွေးကမ္ဘာထဲ

Read more

အရောင်တွေဘာကြောင့်သုံး

ဘယ်ပန်းချီဆရာမဆို ပန်းချီဆွဲရင် အရောင်သုံးကြတာပဲ။ ခင်ဗျားဘာအတွက်အရောင်သုံးတာလဲလို့မေးရင် ယောင်ဝါးဝါးဖြစ်နေတတ်ကြတယ်။ အဖြေတွေလည်း အမျိုးမျိုးပေးတတ်ကြတယ်။ အ‌ရောင်တွေမြင်နေလို့ အရောင်တွေသုံးတာပေါ့။ သဘာဝမှာအရောင်တွေရှိနေလို့ပေါ့။ ပန်းချီဆွဲတာပဲ အရောင်သုံးမှာပေါ့စတဲ့ မရေရာတဲ့အဖြေတွေသာပေးလေ့ရှိပါတယ်။ အမှန်က အရောင်တွေအပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားဟာ မပီပြင်လို့ပဲ။ အရောင်သုံးရခြင်းအပေါ်မှာ သူတို့အယူအဆ ယုံကြည်ချက် ဘာမှမရှိလို့

Read more

အရောင်တွေကို ခံစားရအောင်

အရောင်ဆိုတာ လူတိုင်းသိတယ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း၊ လိမ္မော်၊ ခရမ်း ဘာမှမထူးဆန်းသလိုပဲ။ မြင်နိုင်တဲ့လူတိုင်း အရောင်တွေကိုအမြဲမြင်နေရတော့ ဘာမှမထူးဆန်းဘူးဖြစ်နေတယ်။ ဒါပေမယ့် အရောင်တွေဟာ သိပ်ထူးဆန်းတယ်။ ဒါကို လူတိုင်းမသိနိုင်ဘူး။ လူတိုင်းရဲ့ဝန်းကျင်မှာ အရောင်တွေအမြဲရှိနေတာ။ အရောင်တွေကြားမှာနေကြတာ။ နေ့တိုင်းပဲ အရောင်မျိုးစုံနဲ့

Read more

အရောင်ကောင်းတဲ့ ပန်းချီကားဆိုတာ

ပန်းချီဆရာတွေဟာ အရောင်တွေ အမြဲသုံးနေရတယ်။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အသက်ဝင်ချင်ကြတယ်။ အရောင်လှတဲ့ ပန်းချီကားတွေ ရေးချင်ကြတယ်။ အရောင်ကောင်းတဲ့ ပန်းချီဆရာလည်း ဖြစ်ချင်ကြတယ်။ ဖြစ်ချင်တဲ့စိတ် ရှိရုံနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်အောင်လုပ်မှ ဖြစ်လာမှာ။ ဖြစ်အောင် ဘာလုပ်ရမလဲဆိုတော့ အရောင်တွေအကြောင်း သိအောင်လုပ်ရမှာပဲ။

Read more

Address

No. 120, (Ground Floor), 51st Street (Middle), Pazontaung Township, Yangon, Myanmar

Contact Us

+95 9 759 477377
info@izanagallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Connect with us

Izana Gallery © 2024. All Rights Reserved.