ဒီနေ့ ကျွန်တော်တို့ဆီမှာ Modern ပန်းချီကို စိတ်၀င်စားတဲ့လူတွေ တော်တော်များလာတာတွေ့ရတယ်။ အထူးသဖြင့် လူငယ်တွေများပါတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကဆိုရင် မော်ဒန်ပန်းချီကို စိတ်၀င်စားတဲ့သူဟာ လက်ချိုးရေလို့ရတယ်။ သူတို့ရေးတဲ့ မော်ဒန်ပန်းချီတွေကိုလည်း အရူးချီးပန်းပန်းချီဆိုပြီး ရှုံ့ချခဲ့ကြတယ်။ အခုတော့လည်း မော်ဒန်ပန်းချီမဟုတ်ရင် လူရာမ၀င်သလို ဖြစ်နေပြန်ပြီ၊။ လူတော်တော်များများဟာ မော်ဒန်မှ မော်ဒန်ဖြစ်နေကြတယ်။ မော်ဒန်ပန်းချီကြိုက်တဲ့ လူတွေ တော်တော်ကိုများလာတာတွေ့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ ကြိုက်နေကြတာပဲ။ မော်ဒန်ပန်းချီမှ ခေတ်မီလို့ ကြိုက်တဲ့သူတွေရှိသလို သမားရိုးကျတွေကို ရိုးအီနေလို့ အသစ်အဆန်းဖြစ်လို့ ကြိုက်တဲ့သူလည်းရှိတယ်။ လူရာ၀င်ချင်လို့ ကြိုက်တဲ့လူလည်းရှိတာပဲ။ တချို့လည်း နားလည်လို့တော့မဟုတ်ပါဘူးဗျာ။ စိတ်လွတ်လက်လွတ် ရေးထားတာကို သဘောကျလို့ပါလို့ ပြောတဲ့သူလည်းရှိတယ်။ တချို့ကလည်း ဘာမှန်းမသိလို့ကို ကြိုက်တာဗျ။ ဘာတွေဖြစ်မလဲလို့ တွေးနေရတာကို သဘောကျနေတာလို့ ဆိုတဲ့သူလည်းရှိတယ်။ […]
