“အနက်ရောင် ဝတ္ထုတစ်ခုဟာ မြင်ရတဲ့လှိုင်းအလျား အားလုံးကို စုတ်ယူထားတာကြောင့် သူဟာ ကမ္ဘာကြီး ဆီက အလင်းတွေကို ခိုးယူသူလို့ ယူဆကြတယ်။ ဒီယူဆချက်ကို ပြောင်းပြန်လှန်ပစ်လို့လဲရသေးတယ်။ အနက်ဟာ အရောင်လှိုင်းအလျားအားလုံးကို စုတ်ယူထားတယ်ဆိုရင် သူ့မှာ အရောင်တွေပြည့်ဝ နေတယ်လို့ဆိုလိုတာဖြစ်တယ်….” [အရောင်ဖတ်စာမှ …..] + + + + + + +“စုတ်ချက်တစ်ခုဟာ စုတ်ချက်ဖြစ်နေရခြင်း ကိုပဲ ကျေနပ်နေတဲ့စုတ်ချက်” ဖြစ်ကြောင်းကို Izana Gallery မှာပြသတဲ့ AD ၂၀၂၅ ပြပွဲ ထဲက ပန်းချီဆရာဒီ ရဲ့ အမည်မဲ့ ၂၀၂၄ လက်ရာကားချပ်တစ်ခုမှာ တွေရတယ်။ တစ်ခုတည်းသောဒေါင်လိုက် စုတ်ချက်သာပါတဲ့ ကားချပ်ပေါ့။ ဒီလို လက်ရာ အတွက် အင်မတိ အင်မတန်ကို ကျေနပ်နိုင်တဲ့ “လောဘသတ်”မှု […]
